မိုင်းဖြတ်မြို့နယ်၌ ​မွေးမြူ​ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်​ရေး ကွင်းဆင်ကြည့်ရှု စစ်​ဆေး

မိုင်းဖြတ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင်  ဒေသတွင်း ​မွေးမြူ​ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စံပြဝက်​မွေးမြူ​ရေး​ကျေးရွာတည်နိုင်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ယမန်နေ့က ဝမ်ပုံ​ကျေးရွာရှိ မွေးမြူရေးခြံများသို့ သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့​သည်။

​ထိုသို့စစ်​ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်​မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​ဒေါက်တာ ထွန်း​​ဇော်ဝင်းနှင့် တာဝန်ရှိသူများက ဟိုနားကျေးရွာရှိ တစ်ပိုင်နိုင်​မွေးမြူလျက်ရှိသည့် ဝက်​မွေးမြူ​ရေးခြံများ၊ ဒေသကြက်ခြံများနှင့် ဝမ်ပုံ​ကျေးရွာရှိ ဝက်​မွေးမြူ​ရေးခြံများသို့ သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​မွေးမြူရေးလုပ်ငန်းရှင်များနှင့်​တွေ့ဆုံ၍ ​ လုပ်ငန်းရှင်များက ဒေသတွင်းစျေးကွက်အ​ခြေအ​​​​နေ အခက်အခဲများကို တင်ပြခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ​ဒေသတွင်း အသားကဏ္ဍဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ပေါင်းစပ်ညှိနှိုင်း ​ဆောင်ရွက်​ပေးခဲ့​သည်။

မိုင်းဖြတ်မြို့နယ် ဟိုနား​ကျေးရွာနှင့် ဝမ်ပုံ​ကျေးရွာတို့တွင် ဝက်​မွေးမြူ​ရေး၊ ​​ဒေသကြက်များ၊ အခြား​မွေးမြူ​ရေးလုပ်ငန်းများကို အများအပြား ​မွေးမြူလျက်ရှိကြပြီး ရှမ်းပြည်နယ်​မွေရေးနှင့် ကုသ​ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံ​ငွေဖြင့် ဝက်​(၅၀)​ကောင် ဖြန့်ဖြူ​ပေးထားလျက်ရှိ​ကြောင်း၊ လက်ရှိမှာ အဆိုပါ​ကျေးရွာများတွင် ဝက်​မွေးမြူ​ရေးလုပ်ငန်း ​အောင်မြင်ဖြစ်ထွန်း၍ စံပြဝက်​မွေးမြူ​ရေး​ကျေးရွာတည်​ထောင်နိုင်ရေး စီစဥ်ထားရှိ​ကြောင်း မြို့နယ်​မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနက သိရသည်။

သန်းထွန်း​အေး(ပြန်/ဆက်)