အမရပူရမြို့နယ်တွင် မိုးစပါး(ဧရာမင်း)စံကွက်ရိတ်သိမ်းပွဲပြုလုပ်

အမရပူရ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက တောတွင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၆၅)ကွင်း၊ ကွင်းအမည် တောတွင်ကွင်း ဦးပိုင်အမှတ် (၁၈/၂)၊ ဧရိယာ(၂.၅၀)ဧကရှိ တောင်သူ ဒေါ်ခင်မာထွေး လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။

 အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးမျိုးခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးဆယ်တင်နှင့် ဝန်ထမ်းများ၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းရေးအဖွဲ့ဝန်ထမ်းများက စံကွက်ကိုရိတ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါစံကွက်မှ တစ်ဧကလျှင် အစိုအထွက်တင်း (၈၄.၆၄)တင်းထွက်ရှိကြောင်း အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှ သိရသည်။

စိုးသီဟ(အမရ)