ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး (PFIZER  VACCINE) ထိုးနှံပေး

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြိုနယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်(PFIZER VASCCINE) ကာကွယ်ဆေးများထိုးနှံခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၈)ရပ်ကွက်ရှိ  တရုတ်ဘုံကျောင်း၊ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် (M Tour)ရှိ ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်တွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)