မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

မော်လမြိုင်    ဒီဇင်ဘာ     ၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနတို့ ပူးပေါင်းပြီး School Based TB-ACF ကျောင်း အခြေပြု တီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းအစီအစဉ်၌  Grade-4 မူလတန်းထက်ဆင့်ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၃၃၆)ဦးအား တီဘီရောဂါ သတိပြုကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများအား တီဘီရောဂါစစ်ဆေးပေးခြင်းကို မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးတို့၌ လိုက်လံ၍ ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)