တန့်ယန်းမြို့နယ်တွင် ရဟန်းနှင့် ရှင်သာမဏေ(၈၄)ပါးအား သာသနာဝင်ကတ်ပြားဆက်ကပ်

တန့်ယန်း ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပြီးစီးခဲ့သော ရဟန်းနှင့် ရှင်သာမဏေများအတွက် သာသနာဝင်ကတ်ပြားဆက်ကပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဟိုမန်းကျေးရွာအုပ်စု လုံမုကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ သာသနာဝင်ကတ်ပြား ဆက်ကပ်ပွဲတွင် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ကောလိယထံ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူများက ရဟန်းနှင့်ရှင်သာမဏေ(၈၄)ပါးအတွက် သာသနာဝင်ကတ်ပြားများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)