ပင်လုံ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ လူကုန်ကူးမှုအန္တရာယ်ကာကွယ်ရေး သိကောင်းစရာ နံရံကပ်စာစောင်ပြသဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်စာစောင်၌ ပြသဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးပါကကြီးလေးသော ထောင်ဒဏ်များ ကျခံရပါသည်။ လူကုန်ကူးမခံရရေး စုပေါင်းကာကွယ်တားဆီးပေး၊ လူကုန်ကူးမှု၏ သဘောသဘာဝ၊ လူသားများအား လူကုန်ကူးမှုဆိုသည်မှာ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစား၊ သတိပြုရမည့်သူများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမှုပပျောက်ရေး ဒို့တွေပါဝင်ကူညီပေးစသည့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများ ပြသဆောင်ရွက်ပေးခဲ့ရာ အများပြည်သူ၊ ကျာင်းသား/သူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)