ရန်ကုန် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီအထူးအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မဂ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌ အသင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းမှ အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး၀င်းထိန်မှ နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် အလုပ်အမှုဆောင်အဖွဲ့၏ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ အောက်တိုဘာလကုန်အထိ လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို ဖတ်ကြားအတည်ပြုခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ၂၀၂၄ မူကြမ်းကို ရှင်းလင်းတင်ပြခဲ့ပြီး အသင်းသားများ၏ ကြိုတင်ပေးပို့လာသော မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင် (ပြန်/ဆက်)