ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာကြည့်တိုက်ပညာများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို သင်တန်းနည်းပြများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်တို့က စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာငှားလုပ်ငန်း၊ စာကြည့်တိုက်ဝန်ဆောင်မှုနှင့် စာပေထိန်းသိမ်းခြင်းလုပ်ငန်း၊ DLMS Software အသုံးပြုနည်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများအား ဒီဇင်ဘာလ(၁၆)ရက်နေ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)