မိုင်းတုံ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံကျေးရွာအုပ်စု၊ လွယ်ခမ်းလုံကျေးရွာ၌ ခေတ်သစ်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စာကြည့်တိုက်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ခေတ်သစ်စာကြည့်တိုက်နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် စာကြည့်တိုက်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်စာကြည့်တိုက်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စာကြည့်တိုက်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူး
ဒေါ်ဝင်းဝင်းခိုင်၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်း၊ လွယ်ခမ်းလုံကျေးရွာမှ ရပ်မိရပ်ဖ ဦးကျမော့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းမှ ခေတ်သစ်စာကြည့်တိုက်အတွက် စာအုပ်(၁၅၀၀၀ဝ)ဖိုးလှူဒါန်းခြင်းများပြုလုပ်ပြီး ခေတ်သစ်စာကြည့်တိုက်ထဲတွင် စာများဖတ်ရှု့နေသော စာဖတ်သူများအား ဝင်ရောက်ကြည့်ရှုအားပေးရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက ပေါင်မုန့်များပေးဝေခဲ့ကြောင်း သိရသည်။
ယင်းခေတ်သစ်စာကြည့်တိုက်သည် နိုင်ငံတော်မတည်ငွေသိန်း(၁၀၀)ကျပ်နှင့် ပြည်သူထည့်ဝင်ငွေ သိန်း(၁၁၀)ကျပ် စုစုပေါင်းအဆောက်အဦး သိန်း(၂၁၀)ကျပ်၊ ပရိဘောဂ သိန်း(၃၀)ကျပ်၊ စာအုပ်/စာစောင်သိန်း(၂၀)ကျပ် အားလုံးပေါင်း (၂၆၀)သိန်းဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ခေတ်သစ်စာကြည့်တိုက် ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ထံမှ သိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)