မန်ကန် ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က (အ.ထ.က)မန်ကန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက “လွတ်လပ်ရေးအောင်ပွဲ”ခေါင်းစဉ်ဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ “လွတ်လပ်ရေးနေ့တို့မမေ့”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတိုကို အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ မန်ကန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ပြိုင်ပွဲတွင် ဆုရ ကျောင်းသား/သူများကို ဆိုင်ရာတာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အိဇာချို(မန်ကန်၊ပြန်/ဆက်)