တာလေ ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ရေးသားသည့် '' ကလေးများ ကျောင်းမှာအောင်မြင်ဖို့ နည်းလမ်းများ '' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိကာ ဗဟုသုတများတိုးပွားရရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ''ကလေးများ ကျောင်းမှာအောင်ဖို့နည်းလမ်းများ " စာအုပ်သည် မိဘပြည်သူများ မိမိတို့၏သားသမီးရတနာများကို အနာဂတ်မှာအောင်မြင်ကြီးပွားတိုးတက်နိုင်စေရန် ပြုစုပျိုးထောင်ပေးရမည့် နည်းလမ်းအသွယ်သွယ်ကို ရှင်းလင်းရေးသားထားသော စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Cub)အဖွဲ့ဝင်များက အားပေးခြင်းနှင့်ဖိအားပေးခြင်း၊ အမှားဆိုတာ သင်ယူစရာအခွင့်အလမ်းပါ၊ ကလေးတွေလိုက်နာအောင် ဘယ်လိုပြောမလဲ၊ လူကြီးတွေရဲ့အပြုအမူအပေါ် ကလေးလူငယ်တို့၏အမြင်၊ ရှုံးနိမ့်မှုကိုရင်ဆိုင်ကျော်လွှားခြင်းစသည့် အကြောင်းအချက်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးလရောင်(ပြန်/ဆက်)