ကျိုင်းတောင်းမြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် မြို့နယ်လုံးကျွတ် နိဗ္ဗာန်‌ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုင်းတောင်း ဒီဇင်ဘာလ ၁၆

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ ယမန်နေ့ ညနေ (၄) နာရီ အချိန်တွင် အမှတ်(၅) ရပ်ကွက်၊ မွေတော်မြို့နံစေတီတော် ဓမ္မာရုံတွင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့တွင်းရှိ အလှူရှင်များ စုပေါင်းကျင်းပသော ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ် နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာနှင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်။

မြို့နယ်အုပ်ချုပ်ရေးမှူဦးဆောင်၍ ကျိုင်းတောင်းမြို့ရှိ အလှူရှင်များသည် (၁၅.၁၂.၂၀၂၄) ရက်နေ့ နေ့လယ် (၂) နာရီအချိန်မှစတင်၍ မွေတော်မြို့နံစေတီတော် ဓမ္မာရုံအတွင်း နိဗ္ဗာန်ဈေးတွက် အလှူပစ္စည်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ကြကြောင်း သိရသည်။

ထို့နောက် နိဗ္ဗာန်ဈေးသို့ လာရောက်သူများကို နိဗ္ဗာန်ဈေး၌ ပစ္စည်းများ လဲလှယ်ရန် တစ်ဦးကို လက်မှတ် ၂ စောင်နှုန်း အခမဲ့ဖြန်ဝေပေးသောစနစ်ဖြင့် လာရောက်သူများအားလုံး နိဗ္ဗာန်ဈေးသို့ ပါဝင်ဆင်နွှဲနိုင်ရေးကိုလည်း စနစ်တကျဆောင်ရွက်ခဲ့ပြီး ညနေ (၄) နာရီအချိန်၌ နိဗ္ဗာန်ဈေးပွဲတော်ကို စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်တွင် စာသောက်ဖွယ်ရာ အမယ်စုံ (၇၀) ခန့်ပါဝင်ပြီး ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀၀) ဦးခန့် ပါဝင်လာရောက် စားသောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျိုင်းတောင်းတပ်နယ်မှူးနှင့် တပ်ရင်း၊ တပ်ဖွဲ့များရှိ အရာရှိစစ်သည်များနှင့် မိသားစုဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများလည်း ပါဝင်ဆင်နွဲခဲ့ကြပြီး ယခင်နှစ်ထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)