ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၆
နေပြည်တော်ကောင်စီ၊ ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီသို့ ရောက်ရှိပြီဖြစ်သည့်အတွက် မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းက ဈေးအတွင်း၊ အပြင်ရှိဈေးဆိုင်များ၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးသတိရှိရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီးနောက် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဈေးတာဝန်ခံများက ဈေးအတွင်း မီးသုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးသူ၊ ဈေးသားများအား မီးသတ်ဆေးဗူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်စေခြင်းများ ပြုလုပ်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်)