မိုင်းယန်းမြို့နယ်၌ ခြံလှောင်စနစ်မွေးမြူးရေးနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြော

မိုင်းယန်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံပြည်သူများ မွေးမြူရေးဆိုင်ရာလုပ်ငန်းများအတွက် ခြံလှောင်စနစ်မွေးမြူးရေးနှင့် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းကျောက်ငင်းက ကျေးရွာများရှိ ဒေသခံပြည်သူများ၏ တစ်ပိုင်တနိုင် မွေးမြူရေးတိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဟောပြောပြီး တိရစ္ဆာန်ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျေးရွာအတွင်းအသုံးပြုနိုင်ရန် ခြံဖျန်းပိုးသတ်ဆေးဘူးများပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး