ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး PFIZER VACCINE ထိုးနှံပေး

ရန်ကုန် ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး (PFIZER VASCCINE) ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ  ယုဒသာန်ဘုရားကျောင်းတွင် ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)