ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့မှကြီးမှူး၍ အသိပညာပေး ဟောပြော

တောင်ကြီး ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ စက်မှုဇုန်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဒေါ်နန္ဒာနှင်းက သက်ငယ်မုဒိမ်းမှုမှ ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းထွန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ရဲအုပ်ဖြိုးဝေက အမျိုးသမီးများအား  တရားမဝင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ အသီးသီးဟောပြောပေးခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲတွင် ပါဝင်ဆွေးနွေးဟောပြောပေးခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများအား ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မူကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းက အမှတ်တရလက်ဆောင်များကို တစ်ဦးချင်းပေးအပ်ပြီး အခမ်းအနားတို့တက်ရောက်လာကြသူများအား အာဟာရမှုန့်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)