မိုင်းတုံ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.မ.က စာသင်ကျောင်းဝန်း၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းနှင့် အဖွဲ့များသည် ပုံပါကျင်ပြည်သူ့ဆေးရုံမှ သွားဆရာဝန်အဖွဲ့တို့နှင့်ပူးပေါင်း၍ သွားနှင့်ခံတွင်း စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပုံပါကျင်ပြည်သူ့ဆေးရုံမှ သွားဆရာဝန်နှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ စုစုပေါင်း(၂၅၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းက သွားနှင့်ခံတွင်း စောင့်ရှောက်မှုပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ပုံပါကျင်ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာမျိုးမင်းတိုးက သွားကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးရှင်းလင်းခြင်း၊ ဒေါက်တာစိုင်းတင်ထွန်းဝင်းနှင့် ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသားများအားလုံးကို သွားနှင့်ခံတွင်း စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီနီထွန်းမှ ကျောင်းသား/ကျောင်းသူ (၂၃၅)ဦးအား သွားတိုက်ဆေး၊ သွားတိုက်တံများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)