ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေး (Mask) တပ်ဆင်ခြင်းမရှိသူများအား ဒဏ်ရိုက်ခြင်းများ လှိုင်မြို့နယ်တွင် နေ့စဉ်ဆောင်ရွက်

ရန်ကုန်    နိုဝင်ဘာ    ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက် ပိုင်းခရိုင်၊လှိုင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကူး စက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ် ဆင်ခြင်းရှိ၊ မရှိစစ်ဆေးဆောင်ရွက်ခြင်းကို လှိုင်မြို့နယ်ရှိ​​စျေးကြီး များ​ စျေးများနှင့်လူစည် ကားရာလမ်းဆုံတို့၌ ယနေ့နံနက်ပိုင်းကပြုလုပ် ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ပျံနှံမှုကာလအတွင်း ရောဂါကာကွယ် ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများ အနေဖြင့် ပြင်ပသို့ သွားလာရာ တွင် လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီနေထိုင် သွားလာရန်ညွှန်ကြား ထားရှိ​​သော်လည်းစည်းကမ်း မလိုက်နာသူများ ရှိသဖြင့်မြို့နယ်အတွင်းရှိရပ်ကွက်များ၊စျေးများ၊ လမ်းသွား လမ်းလာများအနက် Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ကြေးငွေ (၁၅၀) ကျပ် Mask တန်ဖိုး (၅၀)ကျပ်နှစ်ခုပေါင်း (၂၀၀) ကျပ် သတ်မှတ်၍​နေ့စဉ် ကောက်ခံလျက်ရှိသည်။

အဆိုပါ Mask ဖြန့်ဝေတပ်ဆင်စေရေးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းဦး ဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန် ရှိသူများ ကနေ့စဉ်ဆောင်ရွက်လျက်ရှိရာ စစ်ဆေး ဆောင်ရွက်နေစဉ်အတွင်းယ​နေ့ (၂၁) ဦးကို ဒဏ်ကြေး ငွေရိုက်ခြင်းနှင့် အသိပညာပေးခြင်း များဆောင် ရွက်ခဲ့ကြသည်။

ထိုကဲ့သို့Mask များတပ်ဆင်​စေရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွား လမ်းလာ များ၊ ဈေးသွားဈေးလာ များလူထူထပ် သည့်နေရာများတွင် Masအသုံးပြု တပ်ဆင်ခြင်းအလေ့အထ ရှိစေရေး အတွက် လမ်းသွား၊ လမ်းလာ ပြည်သူများ Mask တပ်ဆင်​စေ ခြင်းမပါရှိသူများ အား Mask များဝယ်ယူတပ် ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့်အသိပညာ ပေးလက်ကမ်း စာစောင်များ​ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများ ဖြင့် အရှိန်အဟုန် မြှင့်ပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)