ရွှေပြည်သာ ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များပူးပေါင်း၍ အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအား ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ရပ်ကွက်ပြည်သူများအား မျက်စိစမ်းသတ်ပေးခြင်း၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်းနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ရပ်ကွက်အလိုက်အပတ်စဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)