ကလော ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့ မြို့မပရိယတ္တိစာသင်တိုက်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရာဂီမုန်တိုင်း သဘာဝဘေးအန္တရာယ်ကြောင့် ကလောမြို့နယ်ရှိ နေအိမ်ပြိုကျပျက်စီးနှင့်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က တက်ရောက်လာကြသည့် နေအိမ်ပြိုကျပျက်စီးသွားသည့် ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကလောမြို့နယ်အတွင်းရှိ နေအိမ်ပြိုကျပျက်စီးနှင့်ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ငွေကျပ် (၂,၃၅၀,၀၀၀/-) ဖြင့် ပြည်သူ (၂၃၄) အတွက်စုစုပေါင်း (၅၄၉,၉၀၀,၀၀၀/-) ကို ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ထို့နောက် နေအိမ်ပြိုကျပျက်စီးသွားသည့် ပြည်သူများကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရေဘေးသင့်ပြည်သူ (၁၂၄၉) ဦးအတွက် တစ်ဦးလျှင် (၁,၇၅၀,၀၀၀/-) ဖြင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)