မိုင်းယောင်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဒီဇင်ဘာ ၁၃ ရက်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နံနက် ၈ နာရီတွင် အမှတ်(၉)ရပ်ကွက်၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းယောင်းတပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များမှ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၀ ဦးဖြင့် ပါဝင်အားဖြည့်ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ၂၀၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေများ လျော့နည်းမှုမရှိစေရေးနှင့် အခွန်ငွေများပိုမိုရရှိစေရေးအတွက် ဌာနဆိုင်ရာများ၏ တည်ဆောက်ရေးလုပ်ငန်းများမှ ဓာတ်သတ္တုခွန် စည်းကြပ်ကောက်ခံနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ညနေ ၄ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့်ပြည်သူ့စစ်မှုထမ်း၊ ပြည်သူ့လုံခြုံရေး၊ စံပြစိုက်ခင်း၊ စံပြမွေးမြူရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အွန်လိုင်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)