မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  ဒီဇင်ဘာ လူထုအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

မော်လမြိုင် ဒီဇင်ဘာ ၁၄

လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုတွင် ငွေကုန်ကျမှုအနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် စုပေါင်းလမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများ မပါဝင်သော အားကစားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း (မော်လမြိုင်)၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများအင်အား (၁၃၀၀) ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှ စတင်ပြီး၊ ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့် ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများနှင့် ကျန်းမာရေးကို လိုက်စားသည့် အများပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်းအတွဲအမှတ် (၁) ၊ အတွဲအမှတ် (၂) ၊ အတွဲအမှတ် (၃) ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Fitness Dance အကတို့ဖြင့် အတူတကွ  စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)