ကွန်ဟိန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းများကို ဒီဇင်ဘာလ(၁၂)နေ့ နံနက်(၉)နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးကြောင်း သိရှိရသည်။
ကွန်ဟိန်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးကအမျိုးသမီးများတွင် (HPV)ပိုးကူးစက်ခြင်းကြောင့် သားအိမ်ခေါင်းကင်ဆာ လက္ခဏာများတွေ့ရှိရခြင်းများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံရခြင်းများကို ရှင်းလင်းပြောကြားကာ (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးကြောင်းသိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသူအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)အား စနစ်တကျထိုးနှံပေးခဲ့ပြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်မွန်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များတို့က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)