ပူတာအို ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ်၊ ပူတာအိုမြို့၏ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ (၁၄) ရက် နံနက်ပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနရုံးရှေ့စုရပ်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဆရာ/ မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးစိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးကျော်ကျော်လွင်တို့ ဉီးဆောင်သော စုပေါင်းလမ်းလျှောက်အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနရုံးရှေ့စုရပ်မှ ခမ်းစုကိုနှင့်ထဝမ်ရာဇီ စားသောက်ဆိုင်-ဖုန်ကန်ရာဇီခန်းမ-ဟိုခိုရပ်ကွက် အောက်ချိုင့်လမ်းဆုံ-ခရိုင်ပြည်သူ့အားကစားကွင်းသို့ တစ်ပတ် စုပေါင်းလမ်းလျှောက်ပွဲဆင်နွဲကြသည်။
ထို့နောက် ပူတာအိုခရိုင်ပြည်သူ့အားကစားကွင်းတွင် စုပေါင်းကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ကြပြီး စုပေါင်းလမ်းလျှောက်ပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်