မိုင်းဖြတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်

မိုင်းဖြတ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ခြင်း ​ရေး​ဖြေစာ​မေးပွဲကို ဒီဇင်ဘာလ ၁၄ရက်၊ နံနက် ၉နာရီက အ.ထ.က (မိုင်းဖြတ်)တွင် ကျင်းပခဲ့သည်။

ထိုသို့ ​​ဖြေဆိုရာတွင် မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ တာဝန်ကျ ဆရာ၊ ဆရာများ၏ ကြီးကြပ်မှုဖြင့် အ.ထ.က(မိုင်းဖြတ်)၊ အထက(ဟိုနား)၊ အလက(ပါဆန်း)​ကျောင်းများမှ (Grade-9) ၆ဦး၊ (Grade-10) ၄ဦး၊ (Grade-11) ၄ဦး၊ (Grade-12) ၄ဦး စုစု​ပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၈) ဦး ဝင်​ရောက်​ဖြေဆိုကြ​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ စိစစ်ရွေးချယ်ရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အ​ထွေ​ထွေဗဟုသုတ၊ လူ​တွေ့နှုတ်​ဖြေနှင့် ကိုယ်ကာယကြံ့ခိုင်မှုစစ်​ဆေးခြင်းတို့ကို ​ဖြေဆိုရာမည်ဖြစ်ပြီး မြို့နယ်အဆင့်တွင် ​ရွေးချယ်ခြင်းခံရသည့် ​ကျောင်းသား၊ ​ကျောင်းသူများကို ခရိုင်အဆင့်၌ ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်​ကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးက သိရသည်။

မြို့နယ်(ပြန်/ဆက်)