မိုင်းပျဉ်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ မိုင်းပျဉ်းမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်စာမေးပွဲကို အ.ထ.က ကျောင်း၌ ကျင်းပရာ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ G-9, 10, 11, 12 ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ G-9 တွင် (၅) ဦး၊ G-10 တွင် (၄) ဦး၊ G-11တွင် (၃) ဦးနှင့် G-12 တွင် (၂) ဦး ဖြေဆိုကြရာ စုစုပေါင်း (၁၄) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး၊ (၁၄−၁၂−၂၀၂၄) ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ (၁၅−၁၂−၂၀၂၄) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ (၁၆−၁၂−၂၀၂၄) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းပျဉ်းမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး အရည်အချင်းစစ်စာမေးပွဲ အဆင်ပြေချော့မွေ့စေရေးအတွက် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်း၊ ဒုမြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပညာရေးဌာနမှ သိရသည်။
နန်းသန္တာဦး