ဟိုပုံး ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းမြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဒီဇင်ဘာအားကစားလ ဒုတိယပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီခွဲအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့မှစတင်၍ ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် မြို့မရေလွှဲဆည်အထိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တပျော်တပါးစုပေါင်းလမ်း လျှောက်ကြသည်။
ထိုသို့စုပေါင်းလမ်းလျှောက်ပွဲဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းနိုင်နှင့်အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance အကများဖြင့် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)