ကျောက်ဆည်မြို့၊ ရဲဘော်ကြီးကျေးရွာအုပ်စု၊ ရဲဘော်လေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် Steel Structure တစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်ပေး

ကျောက်ဆည် ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲဘော်ကြီးကျေးရွာအုပ်စု၊ ရဲဘော်လေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၁၅၀x၃၀)ပေ Steel Structure  တစ်ထပ်ကျာင်းဆောင်သစ် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အခြေခံပညာမူလတန်းကျောင်းတွင် KG တန်း၌ ကျောင်းသား/ ကျောင်းသူ (၂၆) ဦး၊ Grade-1 အတန်း၌ (၄၅) ဦး၊ Grade-2 အတန်း၌ (၂၆) ဦး၊ Grade-3 အတန်း၌ (၄၆) ဦး၊ Grade-4 အတန်း၌ (၅၀) ဦး၊ Grade-5 အတန်း၌ (၂၁) ဦး၊ Grade-6 အတန်း၌ (၅၂) ဦး၊ Grade-7 အတန်း၌ (၅၆) ဦး၊ Grade-8 အတန်း၌ (၁၂) ဦး၊ Grade-9 အတန်း၌ (၃၈) ဦး၊ Grade-10 အတန်း၌ (၁၇) ဦး၊ Grade-11 အတန်း၌ (၈) ဦး၊ Grade-12 အတန်း၌ (၉) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၀၆) ဦးအား ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/ ဆရာမ (၁၄) ဦးမှ တာဝန်ယူ၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အသစ်ဆောက်လုပ်ပေးသော (၁၅၀x၃၀)ပေ Steel Structure တစ်ထပ် ကျောင်းဆောင်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၂၃၇.၉၃၆) ကျပ်သန်း အကုန်အကျခံကာ အောင်ကျော်မျိုးဇံ ဆောက်လုပ်ရေး ကုမ္မဏီမှတာဝန်ယူကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသည် ရဲဘော်ကြီးကျေးရွာအုပ်စု၊ ရဲဘော်လေးကျေးရွာတွင် တည်ရှိပြီး ၁၉၅၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် အလျား (၃၉၈) ပေ၊ အနံ (၃၉၇) ပေ ဧရိယာ (၃.၂၈) ဧက ကျယ်ဝန်းကြောင်း တာဝန်ရှိသူထံမှ သိရသည်။ 

စုစုအေး (ကျောက်ဆည်)