ကမာရွတ်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ပန်းချီနှင့်ကဗျာပြိုင်ပွဲကျင်းပ

ကမာရွတ် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၉)ဦး၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်(၁၀)ဦး၊ အထက်တန်းဆင့်ကဗျာပြုင်ပွဲတွင်(၆)ဦး၊ အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲတွင်(၁၀)ဦး၊ မူလတန်းဆင့်ပန်းချီပြိုင်ပွဲတွင်(၁၈)ဦး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းသားကျောင်းသူစုစုပေါင်း(၅၃)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ‌သည်။

အဆိုပါပြိုင်ပွဲဝင်များကို ခရိုင်ပညာရေးမှူးဒေါက်တာစုစုလိူင်၊ မြို့နယ်ပညာရေမှူးဒေါ်မြလေးနှင့် တာဝန်ရှိသူများမှ လည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသတင်းရရှိသည်။

မြို့နယ်ပြန်ဆက်