ဟိုပုံးမြို့နယ် အခြေခံပညာမူလတန်းကျောင်း (ဖာလိုင်) ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အ‌ခြေခံပညာမူလတန်းကျောင်း (ဖာလိုင်) တွင် ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက ကျောင်းသား၊ ကျောင်းသူများ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖိုအတွက် တန်ဖိုးဖြတ်မရသည့် ရတနာများဖြစ်သဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်အတွက် အသိပညာပေးဟောပြောသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က မြို့နယ်အတွင်း ဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ်ကြုံတွေ့လာပါက မိမိနှင့်အတူ ယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပြီးနောက် မြိုနယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဒေါ်ယဉ်လဲ့လဲ့မွန်က မီးခိုးမြူငွေ့ဆိုသည့် အဓိပ္ပါယ်၊ မော်တော်ကား၊ စက်ရုံ၊ ဇီဝပစ္စည်းလောင်ကျွမ်းမှု၊ တောင်ယာများမီးရှိခြင်း၊ နေအိမ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများအား မီးရှိခြင်းများကြောင့်ဖြစ်ပေါ် လာနိုင်သော မီးခိုးမြူငွေ့ဆိုးကျိုးအန္တရာယ်များ၊ မီးခိုးမြူငွေ့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်ကို ကြိုတင်ကာကွယ်ရန်နည်းလမ်းများ စသည့်အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ကျောင်းသား၊  ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များအား ဖတ်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ (ပြန်/ဆက်)