ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သတင်းတု/ သတင်းမှားခွဲခြားသိရှိနိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သတင်းတု/ သတင်းမှားများခွဲခြားသိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ  ဦးစိုင်းရွှေအောင်က မိမိတို့ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများစွာ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ သင်တန်းသူများလည်း အသိပညာဗဟုသုတများ ပေးစွမ်းနိုင်သော စာကောင်းပေမွန်များကို ဖတ်ရှု့ရန်လိုအပ်ကြောင်း သို့မှသာ သတင်းတု/ သတင်းမှားများ ခွဲခြားနားလည်နိုင်မည်ဖြစ်ကြောင်းနှင့် ခေတ်မီနည်းပညာများကို စနစ်တကျ အသုံးပြုတတ်စေရေး  အသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဝန်ထမ်းများနှင့် သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)