ပျဉ်းမနားမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပျဉ်းမနား ဒီဇင်ဘာ ၁၄

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ အခမ်းအနားကို ပျဉ်းမနားမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ မောင်လေပြေ(တောင်တွင်း)က “အနာဂတ်လှဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောဆွေးနွေးသည်။

ယင်းနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းစုယဉ်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များနှင့် စာအုပ်၊စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

မျိုးသီဟ(ပြန်/ဆက်)