ဒေါပုံ ဒီဇင်ဘာ ၁၃
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ မီးသုံးစွဲမှုစနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဗမာအေးရပ်ကွက်အတွင်းရှိ ပြည်သူများထံ တစ်အိမ်တက်ဆင်း သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုချောင်များတွင် ချက်ပြုတ်ရာ၌ သုံးစွဲသည့် လျှပ်စစ်ပစ္စည်းများ၊ လောင်စာဖိုများကို စနစ်တကျသုံးစွဲမှု ရှိ/မရှိ အိမ်အတွင်းသွယ်တန်းထားသည့် မီးကြိုးများ ပေါက်ပြဲမှု ရှိ/မရှိနှင့် သုံးစွဲသည့်လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ဝန်အားခံနိုင်မှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သုံးစွဲမှု ရှိ/မရှိနှင့် မီးချိတ်၊ မီးကပ်၊ သဲပုံများထားရှိမှု ရှိ/မရှိတို့ကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ဒေါပုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထူးထက်လင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့်ရပ်ကွက်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)