အ.ထ.က(ဟင်းငူ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းးဒေသကြီး၊‌ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊  စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်ကာ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က အထက(ဟင်းငူ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။       

အသိပညာပေးဟောပြောပွဲတွင် ‌ ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) အထက်တန်းပြဆရာမ ဒေါ်မိုးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံ ကျွမ်းကျင်(၃) ဒေါ်‌အေးအေးသီက" လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ‌ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကိုပါ ဖတ်ရှုရန်လိုကြောင်း၊ စာပေမြင့်မှ လူမျိုးမြင့်မည် ဆိုသည့်အတိုင်း စာဖတ်ခြင်းဖြင့် စာပေမှရရှိမည့် အကျိုး‌ကျေးဇူးများကို သိရှိပြီး အသိပညာဗဟုသုတ ကြွယ်ဝသောလူငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း စသည့်အကြောင်း အရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက ခန်းမအတွင်း ခင်းကျင်းပြသထား သော အသိပညာ ဗဟုသုတ စုံလင်သည့် သုတ/ရသစာအုပ်စာစောင်များကို စိတ်ပါ၀င်စားစွာဖြင့် လေ့လာ ဖတ်မှတ်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)