ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဖန်စီထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောက်ဆည် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ဖန်စီထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

ဖန်စီထိုးနည်းသင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမဒေါ်ခင်ချို (အမျိုးသမီးများအသင်း) က သင်တန်းသူများအား ဖန်စီထိုးရာတွင် အခြေခံကြသည့်နည်းလမ်းများအား အဆင့်ဆင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)