ချမ်းအေးသာစံ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ (၁၃) ရက် နံနက် (၉)နာရီခွဲက ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၀လမ်း၊ ၃၀-၃၁လမ်းရှိ အ.ထ.က-၅ ကျောင်းတွင် ကလေးသူငယ်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးည လက်တွေ့သရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (၅) ကျောင်းအတွက် 3kg မီးသတ်ဆေးဗူးကို မဟာအောင်မြေခရိုင် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ညိုညိုတင်မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး ခရိုင်ဦးစီးမှူး ဦးကျော်ကိုကို ဦးဆောင်ကာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပုံအဆင့်ဆင့်ကို စာတွေ့လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မဟာအောင်မြေခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုးဦးကျော်နိုင်သွင်၊ အ.ထ.ထ(၅) ကျောင်အုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်