ချောင်းဆုံမြို့နယ်ရှိ Gas အရောင်းဆိုင်ရာများအား မီးဘေးလုံခြုံရေး စစ်ဆေး

ချောင်းဆုံ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ပြည်သူများ မီးဘေးအန္တရာယ်မှကင်းဝေးစေရေး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒီဇင်ဘာ (၁၂)ရက်နေ့က မြို့နယ်အတွင်းရှိ Gas အရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများရှိ Gas အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)