မန္တလေး ဒီဇင်ဘာ ၁၃
မန္တလေးမြို့တွင် ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာလ်မီးကီယာပြည်နယ် အကြီးအကဲ H.E.Mr.Batu KHASIKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၂ရက် နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းဖြင့် ထွက်ခွာရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်