မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းခတ် ဒီဇင်ဘာ ၁၃

ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကို အကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှုမြင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်များပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေနှင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်‌ ဒေါ်မြင့်မြင့်စန်းတို့က ကလေးသူငယ်အခွင့်အ‌ရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ အန္တရာယ်ကျ‌ရောက်ပါက ဆောင်ရွက်ရမည့်အချက်များအကြောင်း အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သုတ/ရသစာအုပ်များနှင့် က‌လေးအလုပ်သမားပပျောက်ရေး အသိပညာ‌ပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)