မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လစာငွေများချီးမြှင့်ပေးအပ်

မိုးနဲ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမစုရပ်နေရာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ လစာငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြီးကြပ်ကွပ်ကဲမှုဥက္ကဋ္ဌ ဦးဝင်းမြင့်က မြို့နယ်တွင်းလုံခြုံမှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး လစဉ် ၁ လလျှင် ၁ ကြိမ် ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးစိုးလင်းအောင်က အမှာစကားပြောကြားပေးခဲ့ပြီး ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လစာငွေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ ကျော် အား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပေးအပ်ပွဲသို့ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြီးကြပ်ကွပ်ကဲမှုက္ကဋ္ဌ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးဇင်ကိုကို