(၂၃) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီက နောင်ကားစံပြကျေးရွာ၊ ကန်တော်ကြီးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားသမားများက အသင်းလိုက်ကွင်းအတွင်းသို့ ချီတက်နေရာယူ၍ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအားအလေးပြုကြပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ပီတာထွန်းနိုင်က အမှာစကားပြောကြားသည်။

(၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှ အကြီးတန်းဘောလုံးအသင်း (၁) သင်းနှင့် အငယ်တန်း ဘောလုံး (၈၅)သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သန္တာဝင်း