ပုသိမ်ကြီး ဒီဇင်ဘာ ၁၃
ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲများကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမမက ကလေးအလုပ်သမားပပျောက်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ဦးကျော်တေဇက မီးသတ်ဆေးဗူးအသုံးပြုနည်းဖြစ်သည့် (ဖြုတ်၊ ကပ်၊ ညှစ်၊ သတ်ဆိုသည့်) ရှေးဦးမီးငြှိမ်းသတ်နည်းအား အကျယ်တစ်ဝင့် ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းသား/ သူများနှင့် ဆရာမများ စုစုပေါင်းအင်အား (၆၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)