မော်လမြိုင် ဒီဇင်ဘာ ၁၃
၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းကော်မတီများအလိုက် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြုံပြုပေးပြီး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ (၇၇)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အလံတင်အလေးပြုပွဲ၊ သဝဏ်လွှာဖတ်ကြားပွဲ၊ ဂုဏ်ထူးဆောင်ဆုချီးမြှင့်ပွဲ၊ ဂုဏ်ပြုဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနားများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပဆောင်ရွက်သွားနိုင်ရန်အတွက် လုပ်ငန်းကော်မတီအသီးသီးမှ ပိုမိုကောင်းမွန်သည့် အကြံဉာဏ်များ ပေးစေလိုကြောင်းနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)