မိုင်းတုံမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးချိတ်/မီးခတ်/ရေ/သဲ ထားရှိရေး ကွင်းဆင်းစစ်ဆေး

မိုင်းတုံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်း‌ထွေးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးလုံခြုံရေး မီးချိတ်/မီးခတ်/ရေ/သဲ ထားရှိရေးနှင့် မီးဖိုသုံးစွဲရာတွင်စနစ်တကျသုံးစွဲ‌ရေးတို့ကို ယမန်နေ့ နံနက်(၈)နာရီ (၃၀)မိနစ် အချိန်က မြို့‌ပေါ်ရှိရပ်ကွက်များ၌ တစ်အိမ်တက်ဆင်းအသိပညာပေး‌ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အိမ်တိုင်းအိမ်တိုင်းမီးဘေးလုံခြုံရေးကို ဂဂုပြုစောင့်ရှောက်ကာကွယ်ရမှာဖြစ်ကြောင်း၊ မီးချိတ်/မီးခတ်/ရေ/သဲများ ထားရှိရန်မှာကြားပြီးနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမင်းမင်းထွေးက ယခုလို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ တစ်အိမ်တက်ဆင်း စစ်ဆေးရခြင်းသည် မိမိတို့ပိုင်ဆိုင်သည့် အဆောက်အဦးများ ဆုံးရှုံးမှုမရှိစေရန်၊ မိမိကိုယ်တိုင် မီးဘေးအန္တရာယ် ကာကွယ်ရမည့်နည်းလမ်းများ‌ သိရှိစေရန်ရည်ရွယ်၍  မီးဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းများသည် လူတိုင်းအပေါ်တာဝန်ရှိသည့်အတွက် သိရှိထားရန်လိုအပ်ခြင်းကြောင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးချိတ်/မီးခတ်/ရေ/သဲ အပြည့်အစုံထားရှိရန် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)