ကျိုင်းတောင်းမြို့ အ.မ.က (နမ့်ဟူး) ကျောင်းသို့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲဆောက်ရွက်

ကျိုင်းတောင်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများသည် ယမန်နေ့ နေ့လယ် (၁) နာရီခွဲအချိန်တွင် အ.မ.က (နမ့်ဟူး) ကျောင်းသို့ သွားရောက်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဒုတိယဦးစီးမှူး ဉီးစိုင်းသီဟထွန်းမှ ကျောင်းသား၊ ကျောင်းသူများကို လွတ်လပ်ရေးနေ့နှင့် သက်ဆိုင်၍ သိသင့်သိထိုက်​သော သမိုင်းကြောင်းများကိုပြောပြပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူတို့၏ စွန့်လွှတ်အနစ်ခံမှုတို့ကို ပြောပြရှင်းပြခဲသည်။ ထို့နောက် လွတ်လပ်ရေးနေ့၏ အဓိပ္ပါယ် ဖွင့်ဆိုချက် အနှစ်သာရများကို စံနမူနာများပြ၍ ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်လွယ်စေရန် ပြောပြပေးခဲ့ကြောင်း သိရသည်။

ထို့နောက်တွင် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်ရန် လွတ်လပ်ရေးနှင့် သက်ဆိုင်သော နံရံကပ်စာစောင်များ၊ ဓာတ်ပုံများ ပြသပေးခဲ့ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)