ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ်(၅)အခြေခံပညာထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီခွဲက အောင်ပန်းမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်ပန်းမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းအုပ်(တာဝန်ခံ) ဆရာမကြီး ဒေါ်တင်တင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ကျောင်းသူများအား လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းနှင့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။ 

ထို့နောက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများတိုးပွားစေရေးအတွက် သုတ၊ရသစာအုပ်များဖတ်ရှုလေ့လာကြပြီး လူကုန်ကူးမှုမခံရအောင် သတိပြုရမည့်အချက်များပါဝင်သည့် အသိပညာပေးနံရံကပ်စာစောင်၊ ကမ္ဘာ့ရွေ့လျားစာကြည့်တိုက်များသမိုင်းအကြောင်းပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)