ကလောမြို့နယ်၊ အောင်ပန်းမြို့ စာပန်းရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပ

ကလော ဒီဇင်ဘာ ၁၂

စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၉) နာရီခွဲက အောင်ပန်းမြို့စာပန်းရိပ် ကိုယ်ပိုင်အတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများအား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအကြောင်း၊ ဗလငါးတန်အကြောင်းနှင့် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် လူကုန်ကူးမှုမခံရအောင် သတိပြုရမည့် အချက်များပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်၊ ကမ္ဘာ့ရွေ့လျားစာကြည့်တိုက်များ သမိုင်းအကြောင်းပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)