မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မိုင်းနောင် ဒီဇင်ဘာ ၁၂

မိုင်းနောင်မြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်  လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ပြုလုပ်သည်။

ရှေးဦးစွာ မိုင်းနောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက လူငယ်စကာဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ဘဝအရင်းအနှီး၊ လူငယ်နှင့်စာပေမြတ်နိုးစိတ်၊ လူငယ်နှင့်မိမိကိုယ်မိမိအားကိုးယုံကြည်စိတ်၊ လူငယ်နှင့်ကျော်ကြားမှု ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကာ လူငယ်စကားဝိုင်း ပြုလုပ်ပေးခြင်းအပေါ် ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူ (၄) ဦးတို့အား မြို့အုပ်ချုပ်ရေးမှူးနှင့် အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

မနန်း(မိုင်းနောင်)