ကော့မှူး ဒီဇင်ဘာ ၁၁
ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဦးခင်ဇော် (ခင်ဇော်-ကော့မှူး) တို့ကပြောကြားရာ တွင်မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ လွတ်လပ်ရေးကိုမြတ်နိုးတတ်စေရန် လွတ်လပ်ရေး၏အဓိပ္ပါယ်များ၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်၊ လွတ်လပ်ရေးအရယူပေးခဲ့ကြသော နိုင်ငံခေါင်းဆောင်များ၏ ကျေးဇူးကြီးမားပုံများကို ဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲအားကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ကအလယ်တန်းအဆင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား သတ်မှတ်ထားသည့်အမှတ်ပေးစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ (၁၅) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများကဆုများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ/ရသစာအုပ်စာစောင်များ၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)