အောင်မြေသာစံ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ မိုင်ကုန်းကျေးရွာတွင်ဆောက်လုပ်လျက်ရှိသော စာကြည့်တိုက်အဆောက်အဦသစ်အတွက် ပရိဘောဂနှင့် စာအုပ်စာစောင်လှူဒါန်းပွဲကို ကျင်းပခဲ့သည်။
ဦးစွာ စာကြည့်တိုက်အဆောက်အဦ၊ပရိဘောနှင့်စာအုပ်စာစောင် အလှူရှင်ဆရာမကြီး ဒေါ်အေးရွှေ၊ ကလောင်အမည် (အေးအေးခိုင်ပညာရေး)က လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပရိဘောဂနှင့်စာအုပ်စာစောင်များကိုပေးအပ်လှူဒါန်း ရာအောင်မြေသာ စံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆွေက လက်ခံရယူခဲ့သည်။
ထို့နောက် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးညွှန်ကြားရေးမှူးဒေါ်ဝေဝေဖြိုးတို့က ကျေးဇူးတင်စကားနှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဥ်များကို ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာများကိုယ်စား စာရေးဆရာ ခင်မောင်နှင်း ကျောက်ပန်းတောင်း ကမုဒိတာစကားပြောကြားခဲ့ပြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးရန်ရှင်းက စာကြည့်တိုက်ဆောက်လုပ်နေမှု၊ ရေရှည်ခိုင်မာရေး ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မိုင်ကုန်းကျေးရွာတွင် ဆောက်လုပ်လျက်ရှိသောအဆောက်အဦအတွက် မတည်လှူဒါန်းငွေ ကျပ်သိန်းတစ်ရာငါးဆယ်၊ စာအုပ်စာစောင်ထည့်ရန် ဗီရိုတစ်လုံး၊ စာကြည့်စားပွဲသုံးလုံး၊ ကုလားထိုင် ၁၈ လုံးနှင့် စာအုပ်၊ စာစောင် ၁၃၀၀ အုပ်တို့ကို ဆရာမကြီးဒေါ်အေးရွှေ (အေးအေးခိုင်၊ပညာရေး)က လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)၏